နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / May 31, 2023
image_latest


နေပြည်တော် မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

မိမိတို့တစ်ဦးချင်းစီ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ်သော ကြိုးစားအားထုတ်မှုရှိရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် စစ်ဦးစီးတက္ကသိုလ်သည် လက်ရုံးရည်၊ နှလုံးရည်ဖြင့်ပြည့်ဝသည့် အရာရှိကြီးများကို မွေးထုတ်ပေးလျက်ရှိပြီး သင်တန်းသားအရာရှိ ကြီးများအနေဖြင့် ယခုသင်တန်းအစကာလမှ သင်တန်းပြီးဆုံးသည်အထိ စဉ်ဆက်မပြတ်သော ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လူသားတိုင်းသည် ငယ်စဉ်ကတည်းကပင် တစ်ဦးချင်းစီအလိုက် ရည်ရွယ်ချက်များနှင့် မျှော်မှန်း ချက်များ ကိုယ်စီရှိကြပြီး မိမိတို့၏ မျှော်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်မှန်းချက်များရှိမှသာလျှင် ကြိုးစားအားထုတ်မှုများလည်း ရှိလာမည်ဖြစ်ပြီး အောင်မြင်မှုများရရှိစေရေး မိမိကိုယ်ကိုမိမိ တည်ဆောက်လာနိုင်မည်ဖြစ်ကြောင်း။

တာဝန်ထမ်းဆောင်မှုများ၊ ကြိုးစားအားထုတ်မှုများနှင့်ပတ်သက်လာပါက မိမိကိုယ်ကို မှတ်တမ်းတင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြစေလို

သင်တန်းသား အရာရှိကြီးများအားလုံးသည် တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်နိုင်သည့်အရာရှိကြီးများဖြစ်ကြပြီး ကြီးလေးသည့်တာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းအနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တပ်ရင်းတစ်ရင်းကို စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျလေ့လာ၍ ဆောင်ရွက်ပါက တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်မည်ဖြစ်ကြောင်း၊ တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့ချိန်၌ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ၊ ယခုသင်တန်း တက်ရောက်ချိန်တွင် သင်ကြားပေးသည့်သင်ခန်းစာများကို ချိန်ထိုးစဉ်းစားဆောင်ရွက်ပြီး သင်တန်းဆင်းပြီးပါက မိမိဦးဆောင်ရသည့် တပ်ရင်းတပ်ဖွဲ့များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းစတင်သည်မှ ပြီးဆုံးသည့်အချိန်အထိ သင်ကြားပေးသည့် ဘာသာရပ်များကို မှန်မှန်ကန်ကန်ဖြင့် လေ့လာသင်ယူကြရန်လိုကြောင်း၊ တာဝန်ထမ်းဆောင်မှုများ၊ ကြိုးစားအားထုတ်မှုများနှင့်ပတ်သက်၍ မိမိကိုယ်ကို မှတ်တမ်းတင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း။

မိမိကိုယ်ကို အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်းဆောင်ရွက်မှသာ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်နိုင်မည်

မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်မှုနှင့်ပတ်သက်၍ မိမိလက်အောက်အရာရှိ၊ စစ်သည်များစည်းကမ်းစနစ်တကျ ဖြစ်စေရေးထိန်းသိမ်းရန်လိုအပ်သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း စည်းကမ်းစနစ်တကျရှိစေရေး အသိတရားဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ရည်မှန်းချက်တာဝန်များကို ဆောင်ရွက်ရာတွင် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း၍ ဆောင်ရွက် ကြမည်ဆိုပါက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

သင်တန်းတက်ရောက်ချိန်ကာလအတွင်း တပ်မတော်နှင့် ပတ်သက်သည့်ပညာရပ်များ၊ စစ်မြေပြင်စည်းမျဉ်းစည်းကမ်းများကို စနစ်တကျသင်ယူပြီး လက်တွေ့ပြန်လည်အသုံးချနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာမှုအားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ ကောင်းမွန်မည်ဖြစ်ပြီး ဘဝ တိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည့်အတွက် စဉ်ဆက်မပြတ်သောလေ့လာမှုများဖြင့် ဘဝတစ်လျှောက်လုံး ဆက်လက်အားထုတ်ကြိုးပမ်းသွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကလောတပ်နယ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ သွားရောက်၍ တပ်တွင်းအရောင်းဆိုင်၌ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့ပြင် နယ်မြေခံတပ်အတွင်းရှိ နတ်ရေကန်ရေထွက် ရေကန်သဲနုန်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ရေကန်ပေါင်များ စနစ်တကျရှိစေရေးပြန်လည်ပြုပြင်ရန်၊ မိုးမကျမီသဲနုန်းတူးဖော်ခြင်းအား အပြီးဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,