နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ချီးမြှင့်


Ministry of Information/ Naypyitaw / March 15, 2024
image_latest


နေပြည်တော် မတ် ၁၄

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှတက်ရောက် ချီးမြှင့်သည်။

တက်ရောက်

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် နာယကများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် အမျိုးသမီးအသင်းအဖွဲ့များ၏ ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးရေးရာ အဖွဲ့နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ခရိုင်ဥက္ကဋ္ဌများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် အစိုးရဌာနများအပြင် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်၌သာမက နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ဖွဲ့စည်းထားသည့် အမျိုးသမီး ကော်မတီအဆင့်ဆင့်တွင်လည်း အမျိုးသမီးရေးရာ အဖွဲ့များက အဖွဲ့ဝင်အဖြစ်ပါဝင်ကာ အမျိုးသမီးအရေးကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။

ပူးပေါင်းဆောင်ရွက်ပေး

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးထုကြီး၏အင်အားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ ပိုမိုအားကောင်းခိုင်မာစေရန် လိုအပ်ပါကြောင်း၊ အမျိုးသမီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ ကဏ္ဍစုံတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားရေးနှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကို ဦးတည်သည့် လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဒေသအဆင့်ဆင့်တွင်ရှိသည့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်းယန္တရားများ ခိုင်မာအားကောင်းလာစေရေး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်အောက်ရှိ အမျိုးသမီးရေးရာအဖွဲ့များအပြင် အမျိုးသမီးအဖွဲ့များ အားလုံးကလည်း ယခုထက်ပိုမိုပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှစ၍ ယနေ့အထိ နှစ်(၂၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့များမှ ဥက္ကဋ္ဌများကို စေတနာ့ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများနှင့်ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည် မှစ၍ ယနေ့အထိ ၁၀ နှစ်၊ ၁၀ နှစ်ကျော်၊ ၁၅ နှစ်၊ ၁၅ နှစ်ကျော်နှင့် နှစ်(၂၀)တာဝန်ထမ်းဆောင်ခဲ့ကြသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အတွင်း ရေးမှူးများကို စေတနာ့ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကိုပြသပြီး ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

အမှာစကားပြောကြား

ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်က အမှာစကား ပြောကြားသည်။

နှစ်ရက်တာကျင်းပသွားမည်

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ-၁ တို့က သဘာပတိအဖြစ်ဆောင်ရွက်ကာ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ်သဘာပတိများက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ နှစ်ပတ်လည်အစည်းအဝေးကို မတ် ၁၅ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,