နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုခြင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin နှင့် တွေ့ဆုံဆွေးနွေးခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုခြင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin နှင့် တွေ့ဆုံဆွေးနွေးခြင်း


Ministry of Information/ Naypyitaw / May 08, 2025
image_latest


နေပြည်တော် မေ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin နှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr. Andrey Belousov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရှေ့ဆောင်စစ်သည်များမှ ဦးဆောင်၍ လွမ်းသူပန်းခွေအားသယ်ဆောင်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mr. Andrey Belousov ၊ အခြားပြည်ပနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့်အတူ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြုသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin နှင့် မော်စကိုမြို့၊ Plaza Garden Hotel ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုယ်စားလှယ်အဖြစ် လိုက်ပါလာသော ကာကွယ်ရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ပထမဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Fomin က ဟိုတယ်ရှိအစည်းအဝေးခန်းမမှ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ရုရှားနိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပံ့ပိုးပေးခဲ့မှုများအတွက် အထောက်အကူများစွာရရှိခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားသည်။ ထို့နောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား၊ ကာကွယ်ရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံစစ်ဘက်နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ စစ်ဘက်ပညာတော်သင်များဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,