နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစင်္ကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစင်္ကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်


Ministry of Information/ Naypyitaw / July 03, 2022
image_latest


နေပြည်တော် ဇူလိုင် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘာအေးဘုရားလမ်း၊ ဓမ္မာစင်္ကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ(၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကျောင်းလွှတ်ပူဇာဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာရက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဇနီး ဒေါ်ကြူကြူလှ၊ မိသားစုဝင်များနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြို့တော်ဝန်နှင့်ဇနီး၊ အလှူရှင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့် နေရာသို့ ရောက်ရှိကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ကျောင်းဒါယိကာအလှူရှင် ဒေါက်တာ သာရင်မြတ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အနန္တသုခငါးထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဓမ္မစင်္ကြာရိပ်သာ ဆရာတော်တို့ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းတော်ကြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗန်းမော်ဆရာတော်ဘုရားကြီးထံသို့ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အနန္တသုခ ၅ ထပ်ကျောင်းဆောင်တော်ကြီးကို ဓမ္မစင်္ကြာရိပ်သာ ဆရာတော် ဘဒ္ဒန္တ အာဝုဓထံသို့ သာဟတိဝိထကဒါနမြောက် ဆက်ကပ်လှူဒါန်းရာ ဆရာတော်မှ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိသားစုဝင်များ၊ အလှူရှင်များနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကျောင်းဒါယိကာ အလှူရှင် ဒေါက်တာ သာရင်မြတ်က ဝမ်းမြောက်ကျေးဇူးတင်စကား လျှောက်ထားသည်။

ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒနန္တစန္ဒနသာရ ကျောက်မဲဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ကျောင်းလွှတ် ပူဇာမဟာမင်္ဂလာပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် တက်ရောက်လာကြသူများသည် အနန္တသုခ (၅)ထပ်ဓမ္မဗိမာန် ကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှုကြပြီး ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ ဓမ္မာစင်္ကြာရိပ်သာကျောင်းတိုက်ကြီးကို ၁၉၅၄ ခုနှစ်တွင် ဘဒ္ဒန္တ ဝိဓဇသိရီ မဟာထေရ်မြတ်က စတင်တည်ထောင်တော်မူခဲ့ကြောင်း၊ ထို့နောက် ကျောင်းတိုက်ကြီးကို လက်ဆင့်ကမ်း၍ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး ယခုကျောင်းလွှတ် ပူဇာသဘင်ပြုလုပ်သည့် အနန္တသုခ (၅)ထပ်ဓမ္မဗိမာန် ကျောင်းတော်ကြီးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ အလျား ၁၀၈ ပေ၊ အနံ ၄၅ ပေ ရှိ ၅ ထပ်ကျောင်းတော်ကြီးမှာ ဘဒ္ဒန္တအာဝုဓ၊ ပဓာနနာယက ဓမ္မာစင်္ကြာရိပ်သာ ဆရာတော်အား အမှူးထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ကျောင်းဒါယကာ ဒေါက်တာ သာရင်မြတ်၊ ဇနီး သီဟသုဓမ္မသိင်္ဂီ လူမှုထူးချွန် ကျောင်းဒါယိကာမ ဒေါ်နွယ်နွယ်အေးနှင့် မိသားစုဝင်များက မတည်လှူဒါန်းပြီး Four River Myanmar Co.ltd အမေရိကန် ကုမ္ပဏီမိသားစုနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,