နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / March 19, 2023

နေပြည်တော် မတ် ၁၉
၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောရဝတီပန်းခြံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးရန်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဖတ်ကြားသည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တာဝန်ရှိသူများသည် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မွန်ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆိုလာအစုံ ၁၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်သည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က စက်ရေတွင်း ၃ တွင်း တူးဖော်ရန်ထောက်ပံ့ငွေ ကျပ်သိန်း ၃၆၀ ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်သည်။ ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက အားကစားပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီးထံ ပေးအပ်သည်။
ယင်းနောက် ပေါင်မြို့နယ် ကျိုက်ဖျဉ်ကူဘုရားဂေါပကအဖွဲ့မှ ရှေးဟောင်းကြေးခေါင်းလောင်းကို မွန်ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ မွန်ယဉ်ကျေးမှုအကအဖွဲ့၊ ဗမာယဉ်ကျေးမှုအကအဖွဲ၊ ကရင်ယဉ်ကျေးမှုအကအဖွဲနှင့် ပအို့ဝ်းယဉ်ကျေးမှုအကအဖွဲ့တို့က ကပြဖျော်ဖြေကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များကို နိုင်ငံတော်စီမံအုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဉီးနှင့် ဉီးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်းတို့က ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားကာ တပ်နယ်မိသားစုများကို ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။