နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး/ နေပြည်တော် / October 30, 2024
ဒေါက်တာချစ်အေးအေးကြည်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဒေါ်မြတ်မြတ်စိုး လက်ထောက်ညွှန်ကြားရေးမှူးတို့က သုတေသနစာတမ်းအား လေ့လာတင်ပြစဉ်


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား

နေပြည်တော်၊ အောက်တိုဘာလ ၂၄ ရက်

      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၄-၁၀-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာချစ်အေးအေးကြည်ဒုတိယညွှန်ကြားရေးမှူးနှင့် ဒေါ်မြတ်မြတ်စိုးလက်ထောက် ညွှန်ကြားရေးမှူး တို့က “ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာ တင်ပြခြင်း”  သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားဆွေးနွေးခြင်းနှင့် စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက သုံးသပ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အရာထမ်း/အမှုထမ်းများနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ သုတေသနအရာရှိများ တက်ရောက်ခဲ့ပါသည်။

HOT NEWS
January 4,