နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၅ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၅ ခုနှစ်၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Constitutional Tribunal of the Union of Myanmar/ နေပြည်တော် / October 30, 2025
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၅ ခုနှစ်၊ (၁၅) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇:၀၀ နာရီတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ (Container Office) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဥတ္တရသီရိမြို့နယ်၊ “မြင့်ထူးသာဘုန်းတော်ကြီးကျောင်း” မှ ကျောင်းထိုင်ဆရာတော် အမှူးပြုသည့် သံဃာတော် ၉ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ကြွရောက်လာသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပါသည်။
ယင်းနောက် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော် များကို နာယူကြပါသည်။
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆရာတော်များထံသို့ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၅) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် လှူဒါန်းမှုအနေဖြင့် ငွေသားတန်ဖိုး ကျပ် ၁၉၄၁၀၀၀/- (ကျပ်တစ်ဆယ့်ကိုးသိန်းလေးသောင်းတစ်ထောင်)နှင့် လှူဖွယ်ပစ္စည်း တန်ဖိုး ကျပ် ၁၁၁၃၆၀၀/- (ကျပ်တစ်ဆယ့်တစ်သိန်းတစ်သောင်းသုံးထောင့်ခြောက်ရာ)ဖြစ်ပြီး စုစုပေါင်း လှူဒါန်းမှုတန်ဖိုးမှာ ကျပ် ၃၀၅၄၆၀၀/- (ကျပ်သုံးဆယ်သိန်းငါးသောင်းလေးထောင့် ခြောက်ရာ) တိတိ ဖြစ်ပါသည်။
