နိုင်ငံသားအဖြစ်မှရပ်စဲခြင်း

နိုင်ငံသားအဖြစ်မှရပ်စဲခြင်း


Ministry of Information/ Naypyitaw / March 07, 2022
image_latest


၁။ နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာသွားသူ (၁၁)ဦးသည် မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဖြစ်မှရပ်စဲကြောင်းကို ၄-၃-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ အလားတူ ကျူးလွန်မှုများကို ကျူးလွန်ကြောင်း ဆက်လက်စိစစ်ဖော်ထုတ်တွေ့ရှိရသည့် အောက်ပါပုဂ္ဂိုလ်များအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ပါ ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ ၁၆ နှင့်အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့သည်-

(က) ဆောင်းဦးလှိုင် (ဘ) ဦးဆွေလင်းအေး

( ခ) မောင်မောင်အေး (ဘ)ဦးရင်ဝှာ

(ဂ) ခင်မမမျိုး (ဘ)ဦးမျိုးသန့်

(ဃ) ပြည်သစ်ညွန့်ဝေ(ခ)မောင်မောင် (ဘ)ဦးညွန့်ဝေ

(င) ဖြူဖြူသင်း (ဘ)ဦးလှထွန်း

၂။ ဆက်လက်စိစစ် ဖော်ထုတ်တွေ့ရှိရသူများကိုလည်း အလားတူ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။