နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၇/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၇/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / December 10, 2024


ဘားအံ ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက မြေပြင်အမှန်တကယ် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများကိုသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထုတ်ချေးပေးစေလိုပြီး အတည်ပြုစိစစ်ထုတ်ပေးထားသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ခရိုင်၊မြို့နယ်အဆင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီများကမြေပြင်ကွင်းဆင်းစိစစ်ကြပ်မတ်ပေးရန် အလေးအနက်ထားတိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ယခင်အပတ် (၆/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှမတည်ထောက်ပံ့ ခဲ့သည့်လုပ်ငန်းများ၏အခြေအနေ၊ ယခင်နှစ်နှိုင်းယှဉ်ချက်၊ ချေးငွေထုတ်ချေးပြီးစီးမှုနှင့်ပြန်လည်ပေးဆပ်မှုအခြေအနေ ၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,