နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၀) သင်တန်းဖွင့်ပွဲကျင်းပ

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၂၂၀) သင်တန်းဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / May 28, 2024
image_latest


ရန်ကုန် မေ ၂၇

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ  တက်ရောက်ကြသည်။

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၀) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၉၅ ဦး စုစုပေါင်း ၁၈၈ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်