နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး ဖြုတ်ခွဲကျေးရွာတွင် သားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ကျောက်စိမ်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဆောက်လုပ်မှုအခြေအနေ ကြည့်ရှု

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး ဖြုတ်ခွဲကျေးရွာတွင် သားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ကျောက်စိမ်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဆောက်လုပ်မှုအခြေအနေ ကြည့်ရှု


Ministry of Cooperatives and Rural Development/ Naypyitaw / August 30, 2024
image_latest


ပုဗ္ဗသီရိ ဩဂုတ် ၃၀

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာတွင် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းလီမိတက်နှင့် ကျောက်စိမ်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက် တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက်ဆောက်လုပ်မှုအခြေအနေအား ဩဂုတ် ၂၇ ရက် က နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက  သားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက် နှင့် ကျောက်စိမ်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော အိမ်ရှင်မဆီစက် အဆောက်အဦဆောက်လုပ်မှုအခြေအနေအား ကြည့်ရှုရာ ဇမ္ဗူသီရိမြို့နယ် သားတင်ဦးအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်က ဥက္ကဋ္ဌ ဦးအောင်ကိုထက်၊  အတွင်းရေးမှူး ဦးမျိုးမင်းထိုက်နှင့် ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်အောင် တို့က စက်တင်ဘာလတွင် ဆီစက်စတင်လည်ပတ်မည့်အခြေအနေများ၊ ကုန်ကြမ်းရရှိရေး လျာထား သည့်အခြေအနေများ၊ အဆောက်အဦဆောက်လုပ်ရန် ဆက်သွယ်ခြင်း၊ လျှပ်စစ်မီးရရှိရေး ချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် ပထမအကြိမ်ကြိတ်ခွဲပြီးပါက ဝန်ကြီး ဌာနများကိုဖြန့်ချိရန်လျာထားပါကြောင်းနှင့် မြေပဲဆီ၊ နေကြာဆီများဖြန့်ဖြူးရောင်းချရန် လျာထား ပါကြောင်း ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီဝင်မှ တင်ပြချက်များအပေါ် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)

နေပြည်တော်ကောင်စီနယ်မြေ

HOT NEWS
January 4,