နေပြည်တော်အတွင်းရှိ ဟိုတယ်များမှ ဟိုတယ်ပရဝုဏ်နှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှု
နေပြည်တော်အတွင်းရှိ ဟိုတယ်များမှ ဟိုတယ်ပရဝုဏ်နှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှု
Ministry of Hotels, Tourism and Culture/ နေပြည်တော် / January 23, 2023

နေပြည်တော် သန့်ရှင်းသာယာလှပပြီး ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုဖြစ်လာစေ ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဆက်စပ်ဌာနများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ ဝန်ကြီးရုံး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲတာဝန်ခံ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နိုင်ငံတော် ဧည့်ဂေဟာအတွင်းရှိ ဟိုတယ်များနှင့် ရာဇသင်္ဂဟလမ်းဘေးဝဲယာရှိ ဟိုတယ်များမှ ဟိုတယ်ပရဝုဏ်နှင့် ပတ်ဝန်းကျင်ဧရိယာများအတွင်း အပင်ကြီးများကို အလင်းဖွင့်ထားရှိမှု မြေယာရှုခင်းသန့်ရှင်း သာယာလှပအောင် ဆောင်ရွက်နေမှု၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းနေမှုအခြေအနေများ၊ အမှိုက်များကင်းစင်ရေးနှင့် သန့်ရှင်းသာယာလှပမှုရှိအောင် စုပေါင်းဆောင်ရွက်နေမှု၊ ယခင်ရက်သတ္တပတ်ကာလက ကြည့်ရှုညွှန်ကြားခဲ့သော သန့်ရှင်းရေးဆိုင်ရာ ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆက်လက် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုသည်။
နိုင်ငံတော်အစိုးရ၏ နေပြည်တော်အား Green City၊ Clean City၊ Smart City ဖြစ်စေရေး လမ်းညွှန်အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ ဟိုတယ်များအား မြို့တော်အင်္ဂါရပ်နှင့်အညီ မြေယာရှုခင်းများ အစဉ်အမြဲ သန့်ရှင်းသာယာလှပမှုရှိနေစေရေးအတွက် လမ်းညွှန်ချက်များကို ဝန်ကြီးဌာနသည် သက်ဆိုင်ရာဟိုတယ်များမှ တာဝန်ခံများနှင့် အပတ်စဉ်တွေ့ဆုံ စုပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Source From: Myawady
