နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၄,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၈ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၄,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၈ သိန်းကျော် ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / April 14, 2023
ပြစ်မှုကျူးလွန်သူများကို သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်


      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ပင်လောင်း-တပ်ကုန်းသွား ကားလမ်း၊ ကင်းသာစစ်ဆေးရေးဂိတ်တွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ သန်းဦး မောင်းနှင်ပြီး ကျော်ကျော်လွင် (ခ) ကျော်လွင် နှင့် သန်းစုဇော် တို့ လိုက်ပါလာသည့် Surf ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၂,၇၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ အား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။