နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအုပ်စု၊ ရာဇဌာနီလမ်းဘေးရှိ “New Light” ကော်စေ့စက်ရုံ မီးလောင်မှု

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအုပ်စု၊ ရာဇဌာနီလမ်းဘေးရှိ “New Light” ကော်စေ့စက်ရုံ မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 11, 2024


     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာအုပ်စု၊ ရာဇဌာနီလမ်းဘေးရှိ ပိုင်ရှင် ဦးအောင်စိုးမင်း၏ ၆၀x၂၀၀ ပေ Steel Structure တစ်ထပ် “New Light” ကော်စေ့စက်ရုံတွင် ရေမော်တာသွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးများ ခွေထားရာမှ အပူလွန်ကဲပြီး အနီးရှိကော်ဖြတ်စအမှုန့်များသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၆၀x၂၀၀ ပေ Steel Structure တစ်ထပ် အဆောက်အအုံ၏ ၆၀x၂၀ ပေခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးအောင်စိုးမင်းအား ပတ္တာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,