နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / November 14, 2025


   ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍  အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

   ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ထာဝရငြိမ်းချမ်းရေးစေတီအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဧည့်ဂေဟာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရာဇသင်္ဂဟလမ်းအတိုင်း ဗောဓိကုန်းမီးပွိုင့်ဘက်မှ ကံ့ကော်ပန်းအဝိုင်းဘက်သို့ ရွှေကြာပင်ရပ်ကွက်နေ ကောင်းထက်ပိုင်(၁၇)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မင်းထက်သာ(၁၉)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အန္တရာယ်ကင်းသံဘောင်အား တိုက်မိတိမ်းမှောက်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ကောင်းထက်ပိုင် အား ဧည့်ဂေဟာနယ်မြေရဲစခန်း ယာဉ်(ပ)၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။