နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကန်လှကျေးရွာတွင် နေအိမ်မီးလောင်မှု

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကန်လှကျေးရွာတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / January 26, 2023


နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကန်လှကျေးရွာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ ၀၃၁၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်အမာညို၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း၊ အုတ်ညှပ် ၂ ထပ်နေအိမ်၏ နောက်ဖေးဘက်ရှိ ဝက်ခြံတွင် မီးဖိုထားရာမှ  အနီးရှိထင်းပုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လယ်ဝေးခရိုင်အတွင်းရှိ မီးသတ်စခန်းများနှင့် အမှတ်(၂)နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၈ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၃ ၄၅ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း၊ အုတ်ညှပ် ၂ ထပ်နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်အမာညိုအား လယ်ဝေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။