နေပြည်တော်၌ ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့များ သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ

နေပြည်တော်၌ ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့များ သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်လျက်ရှိ


Ministry of Information/ Naypyitaw / April 03, 2024
image_latest


နေပြည်တော် ဧပြီ ၂

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်နေကြပြီ ဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှလည်း “ခါသင်္ကြန်အဆိုအက အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေးစီစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုသင်္ကြန်ယိမ်းအဖွဲ့များ သည် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်၍ “ ဖိုးညိုမြ ” နှင့် “ ဖြူနီပြာဝါ ” တေးသီချင်းများဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “ ရေတွေစိုကုန်ပြီ ”တေးသီချင်း၊ ရင်သွေးရတနာ မူကြိုကျောင်းမှ မူကြိုကလေးငယ်များက “သင်္ကြန်မိုး တေးသီချင်းများဖြင့် လည်းကောင်း ရိုက်ကူးခဲ့ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်သို့လည်း ဝင်ရောက်ကြည့်ရှုလေ့လာကြသည်။

ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယိမ်းအဖွဲ့များသည် ၎င်းတို့၏ဌာနများတွင် သင်္ကြန်တေးသီချင်းဖြင့် အကတိုက်လေ့ကျင့်လျက်ရှိရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သွားရောက်သတင်းရယူ ရိုက်ကူးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,