နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပမည်

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပမည်


Ministry of Information/ Naypyitaw / March 09, 2024
image_latest


နေပြည်တော် မတ် ၈

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန် ပထမ အကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ၁၃-၃-၂၀၂၄ ရက်နေ့တွင် စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ၁၂-၃-၂၀၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားရှိသည်ဖြစ်ရာ ယခုအခါ အဆိုပါအခမ်းအနားကို ၁၃-၃-၂၀၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြောင်းလဲကျင်းပမည်ဖြစ်သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့်ရွှေစင်ရွှေပြားကပ်လှူရန် ပထမဖောင်းရစ် ဧရိယာ ၃၄၈၅ ဒသမ ၈၇ စတုရန်းပေအတွက် ရွှေစင်ရွှေပြားလိုအပ်သည့် အချပ်ရေမှာ ၃၄၈၅ ချပ်ဖြစ်ပြီး ဖေဖော်ဝါရီ လကုန်အထိ ၅၂၆ ချပ်သာ လှူဒါန်းရရှိထားသည်ဖြစ်ရာ လုံးတော်ပြည့် ကပ်လှူနိုင်ရန် ရွှေစင်ရွှေပြား ၂၉၅၉ ချပ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လိုအပ်လျက်ရှိသည့် ရွှေစင်ရွှေပြားများအတွက် တစ်ချပ်လျှင် ကျပ်(၂၅)သိန်းနှုန်းဖြင့် အောက်ပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည် -

(၁) ဦးမောင်မောင် (ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ) ဖုန်း - ၀၉-၄၀၄၄၃၄၄၉၉

(၂) ဦးထွန်းကြည် (ဂေါပကအဖွဲ့ဝင်၊ဥပ္ပါတသန္တိစေတီတော်) ဖုန်း - ၀၉-၅၁၃၅၆၉၈

(၃) ဦးကြည်လွင် (ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်) ဖုန်း - ၀၉-၂၅၀၇၉၇၄၁၇

(၄) ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ရုံး ဖုန်း - ၀၉-၄၄၂၂၅၂၆၇၀

(၅) ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ် စာရင်းအမှတ် (CF - 000873)

(၆) AYA Pay (Merchant ID. 20044314)

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန် ရွှေစင်ရွှေပြားများ လှူဒါန်းကြမည့် အလှူရှင်များအနေဖြင့် ပထမအကြိမ်အလှူငွေပေးအပ်ပွဲသို့ ကိုယ်တိုင်ကြွရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်