နောင်ချိုမြို့နယ်၌ အသက် ၁၅ နှစ်အောက်ကလေးများအား အမီလိုက် (Big Catchup) နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိ

နောင်ချိုမြို့နယ်၌ အသက် ၁၅ နှစ်အောက်ကလေးများအား အမီလိုက် (Big Catchup) နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးလျက်ရှိ


Ministry of Information/ Naypyitaw / August 24, 2025
image_latest


နောင်ချို ဩဂုတ် ၂၃

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၀ ကို ပြန်လည်ဖွင့်လှစ်ထားပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကွင်းဆင်း၍ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ အသက်ငါးနှစ်အောက်နှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သောနေရာများမှ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများမရရှိခဲ့သည့် အသက် ၁၅ နှစ်အောက်ကလေးများကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities) အမီလိုက် (Big Catchup) နည်းလမ်းဖြင့် ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၂၂ ရက်အထိ နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၀၃၁ ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အသက်ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်အသက် ၁၅ နှစ်အောက်ကလေး ၁၆၀၀ အား လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,