နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျထုတ်ဝေမည်

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် သတင်းစာများ အလှည့်ကျထုတ်ဝေမည်


Ministry of Information/ Naypyitaw / April 08, 2022
image_latest


နေပြည်တော် ဧပြီ ၇

မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ နေ့စဉ်ထုတ်သတင်းစာများကို အလှည့်ကျထုတ်ဝေမည်ဖြစ်ပါသည်။

ဧပြီ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်တို့တွင် မြန်မာ့အလင်းသတင်းစာကို ထုတ်ဝေမည်ဖြစ်ပြီး ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ ခေတ္တရပ်နားသွားမည် ဖြစ်ပါသည်။

ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်တို့တွင် ကြေးမုံသတင်းစာနှင့် The Global New Light of Myanmar သတင်းစာတို့ကို ထုတ်ဝေမည်ဖြစ်ပြီး မြန်မာ့အလင်းသတင်းစာကို ခေတ္တရပ်နားသွားမည် ဖြစ်ပါသည်။

ထို့အတူ ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)မှ (ဗုဒ္ဓဟူးနေ့)တိုင်း ရခိုင်ဘာသာဖြင့် ထုတ်ဝေသည့် ရွှီပြည်ရခိုင်ပုံရိပ်အချပ်ပိုကို ဧပြီ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)မှ (ကြာသပတေးနေ့)တိုင်း ထုတ်ဝေသည့် ရှမ်းဘာသာတိုင်းရင်းသားကဏ္ဍအချပ်ပိုကို ဧပြီ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ပွား သတင်းစာတိုက်(မော်လမြိုင်)မှ (တနင်္ဂနွေနေ့)တိုင်း ထုတ်ဝေလျက် ရှိသည့် မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်း တိုင်းရင်းသားဘာသာ အချပ်ပိုကို ဧပြီ ၁၀ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင်လည်းကောင်း ရပ်နားမည်ဖြစ်ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလကျော်လွန်ပါက ပုံမှန် ပြန်လည် ထုတ်ဝေသွားမည်ဖြစ်ပါသည်။

သတင်းစာကြော်ငြာများကိုမူ သတင်းစာတိုက်များ၏ အလှည့်ကျ ပိတ်ရက်ကာလများတွင် ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့မှစ၍ သတင်းစာများအားလုံး ပုံမှန်အတိုင်း ဆက်လက် ထုတ်ဝေသွားမည်ဖြစ်ပါသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း