နှစ်သစ်မင်္ဂလာ MRTV သင်္ကြန်ပွဲတော်ကျင်းပ

နှစ်သစ်မင်္ဂလာ MRTV သင်္ကြန်ပွဲတော်ကျင်းပ


Ministry of Information/ Naypyitaw / April 13, 2024
image_latest


နေပြည်တော် ဧပြီ ၁၂

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ “နှစ်သစ်မင်္ဂလာ MRTV သင်္ကြန်ပွဲတော်” ကို ယနေ့ညနေပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Portico ၌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာသက်သက်ခိုင်၊ Jeng Phang နော်တောင်တို့နှင့် မိသားစုများ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K – Pop အနုပညာရှင်များ၊ နာမည်ကျော်မြန်မာတေးသံရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများသည် ပျော်ရွှင်စွာ အတာရေပက်ဖျန်းကြသည်။

ထို့နောက် Auditorium ခန်းမ၌ ကျင်းပသည့် နှစ်သစ်မင်္ဂလာမဟာသင်္ကြန်ပွဲစဉ် (၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show) ရိုက်ကူးတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးများက ကိုရီးယားရုပ်ရှင် သရုပ်ဆောင်နှင့် K – Pop အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ကိုရီးယား K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး နှစ်သစ်မင်္ဂလာမဟာသင်္ကြန် ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show) အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,