နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ


Ministry of Information/ Naypyitaw / October 03, 2024
image_latest


မုံရွာ အောက်တိုဘာ ၂

နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာကိုဖတ်ကြားသည်။

ထို့နောက် တစ်ဆင့်မြင့်ရာထူးရရှိ သူနှစ်ဦး၊ ရဲသူရတံဆိပ်ရရှိသူ တစ်ဦး၊ ရဲဗလတံဆိပ် ရရှိသူတစ်ဦး ငွေကျပ်သိန်း ၁၀၀၀၀ နှင့်အထက် မူးယစ်းဆေးဝါး ဖမ်းဆီးရမိသူ တစ်ဦး၊ ရဲသူရတံဆိပ်ရရှိသူတစ်ဦး၊ တစ်ဆင့်မြင့်ရာထူးရရှိသူ နှစ်ဦး၊ ရဲဗလတံဆိပ်ရရှိသူတစ်ဦး၊ ငွေကျပ်သိန်း ၁၀၀၀၀ နှင့်အထက်မူးယစ်ဆေးဝါး ဖမ်းဆီးရမိသူတစ်ဦး၊ တစ်ဆင့်မြင့်ရာထူး ရရှိသူ နှစ်ဦး၊ ရဲဗလတံဆိပ်ရရှိသူနှစ်ဦး၊ ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ နှင့် အထက် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသူတစ်ဦးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။   

သတင်းစဉ်