နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဂလား - ကညင်စမ်း - ကံသုံးဆင့်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်းဂလား - ကညင်စမ်း - ကံသုံးဆင့်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်


Ministry of Cooperatives and Rural Development/ Naypyitaw / March 25, 2025
image_latest


ရန်ကုန် မတ် ၂၄

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ အင်းဂလား-ကညင်စမ်း-ကံသုံးဆင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါလမ်းတွင်ကျင်းပသည်။

                    အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ထို့နောက် ညွှန်ကြားရေးမှူးဦးသက်ဇော်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

                  ထို့နောက် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးဦးသက်ဇော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

                   ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အဆိုပါလမ်းကို ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။

             ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်းများ၊တံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အင်းဂလား- ကညင်စမ်း - ကံသုံးဆင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်သည် အရှည် ပေ ၁၅၈၄၀၊ အကျယ် ၁၀ ပေရှိပြီး တိုက်ကြီး ကြာအင်းလမ်းနှင့် ချိတ်ဆက်ထားကာ ဒေသခံပြည်သူများ အသုံးပြုမှုများသောလမ်းဖြစ်၍ မိုးရာသီတွင် သွားလာရခက်ခဲသည့်အတွက် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)

HOT NEWS
January 4,