ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးအနောက်ဘက်တန်းလမ်းရှိ ရတနာရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံအလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား PDF အကြမ်းဖက်သမား လေးဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်

ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးအနောက်ဘက်တန်းလမ်းရှိ ရတနာရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံအလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား PDF အကြမ်းဖက်သမား လေးဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်


Ministry of Home Affairs/ နေပြည်တော် / September 26, 2022
PDF အကြမ်းဖက်သမားများ သေနတ်ပြခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသည့် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးအနောက်ဘက်တန်းလမ်းရှိ ရတနာရွှေဆိုင် မှတ်တမ်းဓာတ်ပုံ။


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးအနောက်ဘက်တန်းလမ်းတွင် ဖွင့်လှစ်ထားသည့် “ဦးသိန်းမောင်+ဒေါ်ရင်မေ သားသမီးများ” ရတနာရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား PDF အကြမ်းဖက်သမား ၄ ဦးက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် ပခုက္ကူမြို့၊ (၁)ရပ်ကွက် မြို့မဈေးနောက်ဘက်တန်ဆောင်းတန်းလမ်းရှိ “ဦးသိန်းမောင်+ဒေါ်ရင်မေ သားသမီးများ” ရတနာ ရွှေဆိုင်၌ ဒေါ်ရင်မေ၏တူဖြစ်သူ ဦးအောင်နိုင်ဦး (၄၇)နှစ် (ဘ)ဦးစံတင်ပါ ဝန်ထမ်းခြောက်ဦးမှ ရွှေထည်ပစ္စည်းများရောင်းချနေစဉ် ဆိုင်အရှေ့သို့ MASK ကိုယ်စီတပ်ဆင်ထားသည့် PDF အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား သုံးဦးက ဦးအောင်နိုင်ဦးနှင့် ဆိုင်ဝန်ထမ်းများအား သေနတ်ဖြင့်ခြိမ်းခြောက်၍ ဆိုင်အတွင်းထိုင်ခိုင်းထားပြီး ကျန်တစ်ဦးမှ ဆိုင်အတွင်းရောင်းချရန် ခင်းကျင်းပြသထားသည့် ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅၀ ကျပ်သားခန့်နှင့် ငွေသိမ်းကောင်တာအတွင်း သိမ်းဆည်းထားရှိသည့် ငွေကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ကာ အမှတ်(၉)ရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ 

အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။