ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ကြည့်ရှုအားပေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ကြည့်ရှုအားပေး


Ministry of Transport and Communications/ Naypyitaw / October 25, 2025
image_latest


နေပြည်တော်၊ အောက်တိုဘာ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၇) ကြိမ်မြောက်  စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင် သွေးလှူရှင် စုစုပေါင်း ၄၃ ဦးတို့ ပါဝင်လှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း  ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအမှူးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၇) ကြိမ်မြောက် စုပေါင်းသွေးလှူပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မကွေး၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့်  ပုသိမ်မြို့တို့ရှိ ဆေးရုံများ နှင့် သွေးဌာနများတွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ပြီး စုစုပေါင်း ၃၄၅ ဦး ပါဝင်လှူဒါန်းခဲ့သည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၇ ခုနှစ်မှ စတင်၍ စုပေါင်းသွေးလှူပွဲများ ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၇)ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပြီး သွေးလှူရှင်စုစုပေါင်း တစ်သောင်းခန့် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

HOT NEWS
January 4,