ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် နေအိမ်များမီးလောင်မှု
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် နေအိမ်များမီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 28, 2022

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ ၁၅၄၅ အချိန်ခန့်က ပိုင်ရှင် ဦးမင်းသူ၏ (၁၂x၁၂)ပေ သက်ကယ်မိုး၊ ထရံကာ၊ ဝါးခင်း(၁)ထပ် နေအိမ်၌ ထင်းမီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်အနီးရှိကြံဖက်ပုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသဖြင့် နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ဥတ္တရခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် ၈ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၆၅၀ အချိန်တွင် မီးငြိမ်း ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၅ လုံး၊ နွားတင်းကုတ် ၃ လုံးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ခဲ့ပြီး ပိုင်ရှင်ဦးမင်းသူအား ကျည်တောင်ကန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။