ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်


Ministry of Information/ Naypyitaw / July 27, 2024
image_latest


၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင်ငါးအုပ် သို့မဟုတ် ငါးစောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်းနှစ်အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ နှစ်အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ တစ်အုပ်ပေးပို့လျက်ရှိသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ငါးအုပ် သို့မဟုတ် ငါးစောင်ကို ဖြန့်ချိသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပုံစံ (၁၁) ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရမည် ဖြစ်သည်။ ယခုအခါ အောက်ဖော်ပြပါထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ပေးပို့အပ်နှံရန် ပျက်ကွက်လျက်ရှိပါသဖြင့် အမြန်ဆုံးပေးအပ်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်-

9