ပေါက်ခေါင်းတွင် တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂၀၀ ကျော် စစ်ရှောင်နေရဟု မဟုတ်မမှန်သတင်းများ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိ
ပေါက်ခေါင်းတွင် တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂၀၀ ကျော် စစ်ရှောင်နေရဟု မဟုတ်မမှန်သတင်းများ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိ
Ministry of Information/ Naypyitaw / March 12, 2025

နေပြည်တော် မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်ရွာ၊ ကံကြီးကုန်းနှင့် ဖိုလ်ကုန်းကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့က တပ်မတော်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂၀၀ ကျော် စစ်ရှောင်နေရကြောင်း မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပေါက်ခေါင်းမြို့နယ်မှ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့်အတွက် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုမရှိကြောင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လှုပ်ရှားနေသည့် နေရာများအား ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးများ ဆောင်ရွက်လျက်ရှိသည်ကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သတင်းများဖြင့် ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။