ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်းမြို့နယ်၌ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 28, 2025
image_latest


ပေါက်ခေါင်း  အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မြောက်မကွေကျေးရွာရှိ အခြေခံသမဝါယမ အသင်းသားတောင်သူများ၏ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှုကို မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်သမဝါမအသင်းစုမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော Raka-666(BT)မျိုးနှင့်သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်ပေးထားသည့် အခြေခံသမဝါယမ အသင်း(၇)သင်း၊ အသင်းသား(၂၈၁)ဦး၏ မိုးနှောင်းဝါသီးနှံ ဧက ၁၃၀၀ အနက် မြောက်မကွေ ကျေးရွာရှိ တိုးတက်အောင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ ၁၀၀၀ ဦး၏ စိုက်ဧက ၃၀၀ အား စိုက်ပျိုးထားရှိသော Raka-666 (BT) ၇၅ ရက်သားရှိ မိုးနှောင်းဝါစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။