ပေါက်မြို့နယ်၊ မကျီးစင်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ပြီး အမျိုးသား ၁ ဦးအား သတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ပေါက်မြို့နယ်၊ မကျီးစင်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ပြီး အမျိုးသား ၁ ဦးအား သတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / February 11, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ မကျီးစင်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်၍ နေအိမ် ၃၀ ခန့်အားမီးရှို့ခဲ့ပြီး အမျိုးသား ၁ ဦးအား သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော်လည် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများအား ဥပဒေမဲ့သတ်ဖြတ်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားဘဲ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအား အနိုင်ကျင့်ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကိုအသုံးပြု၍ မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,