ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့

ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2024
image_latest


ပေါင်၊ မတ် ၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိစေရန်၊ အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန်နှင့် ပြည်ပပို့ကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ မတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့ အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို မတ်လ ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

           သင်တန်းဆင်းပွဲ အခမ်းအနားသို့  သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှုး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများတက်ရောက်ကြရာ ခရိုင်ဦးစီးမှူးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဘန့်ဘွေးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက သင်တန်းထုတ်ကုန်များအား သင်တန်းသားများကို ပေးအပ်ခဲ့ပါသည်။

         အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် လက်သန့်ဆေးရည် ထုတ်လုပ်နည်းတို့ကို သင်တန်းသား (၁၃) ဦးအား စာတွေ့လက် တွေ့သင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,