ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် နေအိမ်မီးလောင်မှု

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 18, 2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် နေအိမ်မီးလောင်မှု


     ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဘိုကတော်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ပိုင်ရှင် ဦးအေးလှိုင်၏ (၂၄x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ နံကပ်ထရံကာ၊ (၂)ထပ်နေအိမ်တွင် လျှပ်စစ်အားသွင်းမီးသီး အားသွင်းထားရာမှ မီးပလပ်ခေါင်းအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ‌တောင်ငူမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ  ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် (၂၄x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း၊ နံကပ်ထရံကာ၊ (၂)ထပ်နေအိမ် တစ်လုံး မီးလောင်ခံရပြီး ပိုင်ရှင် ဦးအေးလှိုင်အား တောင်ငူမြို့အမှတ်(၂)ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

HOT NEWS
January 4,