ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ တပ်မတော်က အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာမျပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ တပ်မတော်က အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာမျပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / January 09, 2024
image_latest


နေပြည်တော် ဇန်နဝါရီလ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၅ ရက်နေ့က တပ်မတော်မှ အုပ်ချုပ်ရေးမှူးများကိုခေါ်ယူကာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား အမျိုးသားများကို ကျေးရွာတစ်အုပ်စုလျှင် ၁၀ ဦး ပေးရမည်ဖြစ်ကြောင်း စစ်မှုထမ်းအင်အားများ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တပ်မတော်မှ ဒေသခံပြည်သူများအား စစ်မှုထမ်းဆောင်ရန် အင်အားတောင်းခံခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်း မရှိပါကြောင်း၊ ကောလာဟလသတင်းများကို မသမာသူများက လုပ်ကြံပြောဆိုနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေပြီး ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လုပ်ကြံရေးသားပြီး အကြောက်တရားများ၊ အမုန်းတရားများကို လေလှိုင်းပေါ်မှတဆင့် နည်းလမ်းမျိုးစုံဖြင့် ပြည်သူများအားလှုံဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,