ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၂)လမ်းတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှု
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၂)လမ်းတွင် ရော်ဘာမှိုင်းခံရုံ မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 26, 2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၂)လမ်းရှိ ပိုင်ရှင် ဦးနေလင်းထိုက်၏ ၄၀x၁၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ RC တစ်ထပ် ရော်ဘာမှိုင်းခံရုံတွင် ရော်ဘာအပြားများ မှိုင်းခံထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် ပဲခူးခရိုင်အတွင်းရှိမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက်၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် ၄၀x၁၅ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ RC တစ်ထပ် ရော်ဘာမှိုင်းခံရုံ အဆောက်အအုံ တစ်လုံး၊ ရော်ဘာပြား ပေါင်(၃၀၀၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး တာဝန်ခံ ဦးအာကာမင်းအား ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။
