ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ၊ အောင်မင်္ဂလာအနောက်လမ်းတွင် နေအိမ်မီးလောင်မှု

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ၊ အောင်မင်္ဂလာအနောက်လမ်းတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 06, 2024


     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ၊ အောင်မင်္ဂလာအနောက်လမ်းတွင် ပိုင်ရှင်ဒေါ်ခင်မြင့်၏ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် သမီးဖြစ်သူ ဒေါ်တင်တင်မိုးမှ ထင်းမီးဖိုဖြင့် ပဲပြုတ်ထားရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖောင်တော်သီနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းပါသည်။

     အဆိုပါ မီးလောင်မှုကြောင့် ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် နှစ်လုံး၊ ၁၂x၁၂ ပေ၊ ဓနိမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆသူ ဒေါ်တင်တင်မိုးအား ဖောင်တော်သီနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။