ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ အလင်းရောင်(၁)၊ (၁၄)လမ်းနှင့် (၁၅)လမ်းကြားတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 12, 2024


     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၅၃ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်၊ အလင်းရောင်(၁)၊ (၁၄)လမ်းနှင့်(၁၅)လမ်းကြားရှိ ပိုင်ရှင်ဦးအောင်ချစ်ဆန်း၏ ၂၀x၁၂ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် ထမင်းပေါင်းအိုးနွှေးရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ပဲခူးမြို့နယ်မီးသတ်စခန်းနှင့် ပဲခူးနယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ချစ်ဆန်းအား အမှတ်(၁)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။