ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်


Ministry of Information/ Naypyitaw / April 26, 2024
image_latest


ပဲခူး ဧပြီ ၂၅

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပဲခူးတိုင်းဒေသကြီး၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုမဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီကိုးပါတီမှ ပါတီဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အများပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးက ဖြည့်စွက်အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိက အီလက်ထရောနစ် မဲပေးစက်အကြောင်း ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်(ယာပုံ)နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များနှင့် တက်ရောက်သူများက မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးကြသည်။

MEVM (Myanmar Electro-nic Voting Machine) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းကို မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲခူးခရိုင်နှင့် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အများပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရှိမြို့နယ်များတွင် MEVM စက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,