ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / March 11, 2025


      ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ စာတိုက်ရပ်ကွက်မီးပွိုင့်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံခါးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ပဲနွယ်ကုန်းမြို့နယ်၊ ခင်ကြီးကျေးရွာနေ ဦးမောင်ဝင်း(၆၇)နှစ် မောင်းနှင်လာသော AYY/XXXX Honda Click 160 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းယာဘက်မှ ဝဲဘက်ခြမ်းရှိ ဗိုလ်ချုပ်လမ်းထဲသို့ ချိုးကွေ့မောင်းနှင်ရန် စောင့်ဆိုင်းနေစဉ်  လားရာတူနောက်မှ ကျောက်တံခါးမြို့နယ်၊ ခင်တို ကျေးရွာနေ ဇော်မင်းထွေး(၄၂)နှစ် မောင်းနှင်လာသည့် ANEC-L 35D ထော်လာဂျီယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ဦးမောင်ဝင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့သောကြောင့် ဇော်မင်းထွေးအား ကျောက်တံခါးမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။