ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရတနာလမ်း၌ နေအိမ် မီးလောင်မှု
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရတနာလမ်း၌ နေအိမ် မီးလောင်မှု
Ministry of Home Affairs/ Nay Pyi Taw / June 10, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရတနာလမ်း၌ ပိုင်ရှင် ဦးအေးမျိုး၏ ၁၅ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ နှစ်ထပ် နေအိမ်အပေါ်ထပ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ နှစ်ထပ် နေအိမ် အပေါ်ထပ်ကြမ်းခင်းနှင့် ငရုတ်သီးခြောက်အိတ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအေးမျိုး အား ပြည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။