ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နှင့် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / June 20, 2025
ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၇ ဖာလုံကြားရှိ စစ်ဆေးရေးဂိတ်၌ ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရေအိုးစင်ကျေးရွာနေ ဖြိုးသက်ဦး(၃၇)နှစ် မောင်းနှင်လာသည့် YGN-22/3I-XXXX DAIHATSU HIJET အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း။
အလားတူ ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်၌ တန့်ယန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တန့်ယန်းမြို့၊ အမှတ်(၆)ရပ်ကွက်နေ အေးမင်းဖြိုး(၂၃)နှစ် မောင်းနှင်လာသည့် SHN-38/7I-XXXX DONGFENG ၁၂ ဘီး အနီရောင်မော်တော်ယာဉ်တို့အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်များနှင့် ပတ်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် ဖြိုးသက်ဦးနှင့် အေးမင်းဖြိုးတို့ နှစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။