ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၌ လေးကောင်ဂျင်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီး အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၌ လေးကောင်ဂျင်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီး အရေးယူ


Ministry of Home Affairs/ Naypyitaw / August 19, 2025


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၌ လေးကောင်ဂျင်လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဩဂုတ် ၁၈ ရက် နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ နှမ်းကုန်းကျေးရွာနှင့် ခွက်မကျေးရွာကြားရှိ ကျွန်းစိုက်ခင်းအတွင်း၌ လေးကောင်ဂျင်လောင်းကစားဝိုင်းပြုလုပ်နေကြောင်း သတင်းအရ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရွှေကြို့ပင်ကျေးရွာနေ ချစ်မင်းသူ(၂၅)နှစ်ပါ အမျိုးသား ၁၀ ဦးအား လေးကောင်ဂျင်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ မော်တော်ဆိုင်ကယ်များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ချစ်မင်းသူပါ ၁၀ ဦးအား ထိန်တောနယ်မြေရဲစခန်း (ပ)၁၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။