ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / December 19, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် တောင်ငူမြို့၊ (၂၂)ရပ်ကွက်နေ မောင်မောင်ဦး(၆၂)နှစ်၏ နေအိမ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တောင်ငူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဈေးဆိုင်အတွင်း၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်မောင်ဦးအား တောင်ငူမြို့မ ရဲစ ခန်း (ပ)၂၆၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
