ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ ငွေကျပ် သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ ငွေကျပ် သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / December 19, 2025
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပုသိမ်-မုံရွာသွားလမ်း၊ ကျီးပင်ကျေးရွာအနီးတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၈)ရပ်ကွက်နေ ကိုကိုဇော်(ခ)ကိုဇော်(၃၂)နှစ် မောင်းနှင်ပြီး တောင်ဒဂုံမြို့နယ်၊ (၂၅)ရပ်ကွက်နေ မြတ်ကျော်(၃၇)နှစ် လိုက်ပါလာသော HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့ နှစ်ဦး သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၂,၉၄၀) အား ဖမ်းဆီးရမိသဖြင့် ကိုကိုဇော်(ခ)ကိုဇော်နှင့် မြတ်ကျော်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,