ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကဝ)၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် စက်ကိုင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့ သရုပ်ပြ မွမ်းမံသင်တန်းပေးခြင်း အခမ်းအနား ကျင်းပ

Ministry of Home Affairs/ နေပြည်တော် / January 01, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အခြေခံ ပညာအထက်တန်းကျောင်း(ကဝ)၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲရုံအသီးသီးတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် စက်ကိုင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား ရွေးကောက်ပွဲကာလ၌ မိမိတို့ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ပိုမိုသိရှိ နားလည်သဘောပေါက်စေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား အသိပ ညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြမွမ်းမံသင်တန်းပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ စက်ကိုင်ဝန်ထမ်းများ စုစုပေါင်း ၃၉၄ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။