ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / January 31, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပု ဗ္ဗသီရိမြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက တောင်ငူမြို့နယ်၊ အမှတ်(၂၂)ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ခပေါင်း တံတား၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တောင်ငူမှ အုတ်တွင်းသို့ ကျောက်တံခါးမြို့၊ ဂုဏ်တော်ရပ်ကွက်နေ ချစ်သဲမောင်စိုး(ခ)အာကြီး(၃၃)နှစ် မောင်းနှင်လာသည့် NPW-5 6P-XXXX HONDA INSIGHT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်၍ အ ထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ချစ်သဲမောင်စိုး(ခ)အာကြီးအား တောင်ငူမြို့မရဲစ ခန်း (ပ)၁၈/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များအား Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရောင်းချနေကြောင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ချိတ်ဆက်စုံစမ်းဖော်ထုတ်ခဲ့ရာ တောင်ကြီးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်၌ ရတနာသီရိရပ်ကွက်နေ စိုးမင်းထိုက်(၃၁)နှစ်အား YGN-7 2L-XXXX TOYOTA BB လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိုးမင်းထိုက် အား တောင်ကြီးမြို့မရဲစခန်း (ပ)၂၁/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ ည ၆ နာရီ ၄၅ မိနစ်တွင် တောင်ကြီးမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် များအား Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရောင်းချနေကြောင်း သတင်းအရ တောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ချိတ်ဆက်စုံစမ်းဖော်ထုတ်ခဲ့ရာ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်၌ အ ဆိုပါရပ်ကွက်နေ လေးချစ်ဆန်း(၄၀)နှစ်အား SHN-38 2P/XXXX TOYOTA WISH လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် လေးချစ်ဆန်း အား တောင်ကြီးနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်နေ သက်နိုင်(၆၃)နှစ်၏ နေ အိမ်၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းချနေကြောင်း သတင်းအရ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါခြံဝင်းအ တွင်း၌ သက်နိုင် အား YGN-8 2H-XXXX TOYOTA WISH လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သက်နိုင် အား ထုံးဖိုမြို့မရဲစခန်း (ပ)၁၂ /၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်ဟောင်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမှ ဘီးလင်းသို့ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ လင်းအောင်(၃၄)နှစ် မောင်းနှင်လာသည့် YGN-41 2N-XXXX TOYOYA WISH မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အ ထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လင်းအောင် အား ဘီးလင်းမြို့မရဲစခန်း (ပ)၃၁/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ကျိုက်ထို မြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမှ ပဲခူးသို့ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်နေ နေစိုးအောင်(၃၂)နှစ် မောင်းနှင်လာသည့် YGN-4 3I-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နေစိုးအောင် အား သိမ်ဇရပ်နယ်မြေရဲစခန်း (ပ)၂၈/၂၀၂၆၊ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
