ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ နဝဒေးချဉ်းကပ်လမ်း၊ မိုင်တိုင်အမှတ် ၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်မှု

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ နဝဒေးချဉ်းကပ်လမ်း၊ မိုင်တိုင်အမှတ် ၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / February 12, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲကျေးရွာအုပ်စု၊ နဝဒေးချဉ်းကပ်လမ်း၊ မိုင်တိုင်အမှတ် ၅ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၊ ရှုခင်းသာကုန်းဆင်းအရောက်တွင် မြန်အောင်မှ ပြည်သို့ ယာဉ်မောင်း ဦးဆန်းနိုင်(၅၂)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-20 9D/ XXXX NISSAN အမျိုးအစား အစိမ်းရောင် ၁၂ ဘီး ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၁၂ မိနစ်တွင် လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 

     အဆိုပါဖြစ်စဉ်ကြောင့် NISSAN ယာဉ်၏ ခေါင်းပိုင်းနှင့် ယာဉ်ကိုယ်ထည် ပျက်စီး၊ ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ စုစု ပေါင်း လေးဦးအနက် ယာဉ်မောင်း အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မောင်း ဦးဆန်းနိုင်(သေဆုံး)အား ပန်းတောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။