ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၄)ရပ်ကွက်၌ ဂိုဒေါင် မီးလောင်မှု

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၄)ရပ်ကွက်၌ ဂိုဒေါင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 18, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၄ နာရီ ၅၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရေနီစက္ကူစက်ရုံဝင်းအတွင်း၌ ပိုင်ရှင် ဦးခင်မောင်အေး(၅၇)နှစ်၏ ၁၅၀ x  ၅၀ ပေ၊ အုတ်ကျွတ်မိုး၊ အုတ်ညှပ်၊ ဂိုဒေါင် တစ်လုံးအတွင်း၌ ဂျင်းနှင့် ဝဥ များအား ထင်းမီးဖြင့် အခြောက်ခံနေစဉ် မီးဖိုမှတစ်ဆင့် အနီးရှိ အထပ်သားပြားအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေတာရှည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၅၀ x ၅၀ ပေ၊ အုတ်ကျွတ်မိုး၊ အုတ်ညှပ်၊ ဂိုဒေါင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် တာဝန်ခံ ဦးချစ်ဝေဖြိုး အား ရေနီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။