ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / February 27, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရွှေဝါရောင်စိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီလီမိတက်မှ Rice Export Zone ဆောင်ရွက်မည့် တောင်သူ ၁၅၇ ဦးအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ ဦးဆောင်၍ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။