ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှု

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှု


Ministry of Home Affairs/ နေပြည်တော် / February 27, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၈ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရွှေတောင်မြို့နယ်၊ တွင်းမြဲ ကျေးရွာနေ ဦးလင်းလင်း(၃၂)နှစ် မောင်းနှင်လာသည့် MDY-15/5J-XXXX HINO ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်သည် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအတွင်းရှိ စွယ်တော်ပင်နှင့် ထန်းပင်တို့အား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း မော်တော်ယာဉ်မှာ ထိခိုက်ပျက်စီးသွားခဲ့သောကြောင့် လင်းလင်း အား သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။