ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသည့် ကျွဲလှည်းအား တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသည့် ကျွဲလှည်းအား တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / May 04, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်မှ လမ်းဖြတ်ကူးသည့် ကျွဲလှည်းအား တိုက်မိခဲ့သဖြင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၂ ရက် နံနက် ၁ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၆ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆားရွှေကင်းရပ်ကွက်နေ ဦးသိန်းတန်(၄၂)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၀ ဦး လိုက်ပါလာသည့် YGN-44/9M-XXXX SCANIA ခရီးသည်တင်မော်တော်ယာဉ်သည်  အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသည့် အုတ်တွင်းမြို့နယ်၊ ဘုန်းကျေးရွာနေ ဦးထွန်းနိုင်ဦး(၃၈)နှစ် မောင်းနှင်သည့် ကျွဲလှည်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ထွန်းနိုင်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထွန်းနိုင်ဦး အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။